အခန်း (၄) ဆေးခန်း စကားပြော (Hospital Dialogue)
ဆရာဝန် (หมอ) နှင့် လူနာ (คนไข้) တို့၏ ဆေးခန်းတွင် စတင်တွေ့ရှိမေးမြန်းမှုများ။
สวัสดีครับ เป็นอะไรมาครับ
အသံထွက်: စဝပ်(တ်)ဒီး ခပ်(ပ်)၊ ပင်(န်) အလိုင် မာ ခပ်(ပ်)
မင်္ဂလာပါ ခင်ဗျာ။ ဘာဖြစ်လို့ လာတာပါလဲ ခင်ဗျ။ (ဘာတွေ နေမကောင်း ဖြစ်နေလို့ပါလဲ)
ดิฉันรู้สึกไม่สบายมากเลยค่ะ
အသံထွက်: ဒီချန်(န်) ရူးစစ်(က်) မိုက်(ယ်) စဘိုင် မာ့(က်) လေ(ယီ) ခ
ကျွန်မ အရမ်း နေလို့ မကောင်းဘူး ဖြစ်နေပါတယ်ရှင့်။
เจ็บตรงไหน ประวัติแพ้ยาไหมครับ
အသံထွက်: ကျေ(ပ်) တရုံ(င်) နိုင်(ယ်)၊ ပရာဝပ်(တ်) ဖဲယား မိုင် ခပ်(ပ်)
ဘယ်နေရာ နာ/ကိုက် တာလဲ၊ ဆေးဓာတ်မတည့်တာ ရှိပါသလားခင်ဗျ။
เจ็บคอ และไอด้วยค่ะ
အသံထွက်: ကျေ(ပ်) ခေါ လဲ အိုင် ဒူဝစ်(ယ်) ခ
လည်ပင်း နာပြီး ချောင်းလည်း ဆိုးနေပါတယ်ရှင့်။
ผมจะตรวจหูหน่อยครับ อ้าปากหน่อยครับ
အသံထွက်: ဖုံ(မ်) ကျ တရပ်(တ်) ဟူ နော်(ယီ) ခပ်(ပ်)၊ အာ ပါ့(က်) နော်(ယီ) ခပ်(ပ်)
ကျွန်တော် နားလေး စစ်ဆေးကြည့်ပါမယ်၊ ပါးစပ် နည်းနည်း ဟ ပေးပါခင်ဗျ။
คนไข้ ต้องพักผ่อนเยอะๆ นะครับ
အသံထွက်: ခွန်(န်) ခိုက် တော့(င်) ဖက်(က်)ဖော်(န်) ယေယေ နခပ်(ပ်)
ကိုယ်အပူချိန် မြင့်နေတယ်၊ အနားယူမှု အများကြီး ယူရပါမယ်နော်။
ดิฉันต้องกินยายังไงคะ
အသံထွက်: ဒီချန်(န်) တော့(င်) ကင်(န်) ယား ယံ(င်)ငိုင် ခ
ကျွန်မ ဆေးကို ဘယ်လို သောက်ရမလဲရှင့်။
ต้องกินยาวันละสามครั้ง ก่อนกินอาหาร
အသံထွက်: တော့(င်) ကင်(န်) ယား ဝမ်(န်)လ ဆမ်(မ်) ခရန်း(င်) ကော်(န်) ကင်(န်) အာဟန်(န်)
ဆေးကို တစ်ရက် (၃) ကြိမ် ထမင်း မစားမီ သောက်ရပါမယ်။